( ၅၇ ) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့်  စုပေါင်းသန့်ရှင်းရေးပြုလုပ်ပွဲကျင်းပ    

ပြင်ဦးလွင်    စက်တင်ဘာ    ၂၉   

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင်  (၅၇) နှစ်မြောက်   မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့်  စုပေါင်းသန့်ရှင်းရေးပြုလုပ်ပွဲကို  ယနေ့နံနက် (၇) နာရီက  ရပ်ကွက်ကြီး(၁) ရှိ  မဟာရွှေမြင်တင် စေတီတော်ကြီးအတွင်း၌  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ 

အဆိုပါ (၅၇) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို  ပြင်ဦးလွင်တပ်နယ်မှ အရာရှိစစ်သည်များနှင့်  တပ်ဖွဲ့ဝင်များ ၊   ပြင်ဉီးလွင်ခရိုင်ရဲတပ်ဖွဲ့မှူး နှင့် ခရိုင်ရဲတပ်ဖွဲ့၊   မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊အမှတ် ( ၉၄) ယာဉ်ထိန်းတပ်ဖွဲ့စု နှင့်  အမှတ် (၃၃၀ ) တပ်ဖွဲ့စု  သတင်းရဲတပ်ဖွဲ့၊ စုစုပေါင်းအင်အား(၂၀၀) ဦးခန့်တို့က ဘုရားဝင်းအတွင်း သန့်ရှင်းသာယာ လှပရေး အတွက် အမှိုက်များ ရှင်းလင်းခြင်းနှင့် ဘုရားရေလှူခြင်းကို အင်တိုက်အားတိုက် စုပေါင်းဆောင်ရွက်လျက် ရှိသည်။

အဆိုပါ(၅၇)နှစ်မြောက်   မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  စုပေါင်းသန့်ရှင်းရေးပြုလုပ်ပွဲ နေရာသို့ ပြင်ဦးလွင်တပ်နယ်မှ တပ်နယ်မှူးနှင့် အရာရှိစစ်သည်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦး၏  ပြောကြားချက်အရ  သိရသည်။ 

 ခရိုင် (ပြန်/ဆက်)