ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေး မှူးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးခင်ဇော်အောင် ဦးဆောင်၍ တွဲဖက်ဌာန တာဝန်ခံများနှင့် ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ် အတွင်းရှိ ဖွံ့ဖြိုးရေးလမ်းမကြီးတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ဦးထွန်းအို ရပ်ကွက်၊ ပန်းပင်ချောင်ရပ်ကွက်၊ ဆမားဒူးဝါးရပ်ကွက်နှင့် ချောင်းဝိုင်းလေး ရပ်ကွက်များသို့ သွားသည့် ဖွံ့ဖြိုးရေးလမ်းမကြီး၏ လမ်းဘေး ဝဲ၊ ယာရှိ ချုံ နွယ်များ၊ မြက်ရိုင်း၊ သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းခြင်းဖြင့် မြို့နယ်အတွင်း သန့်ရှင်းသာယာ လှပစေရေးအတွက် နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေယံ