ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံဝန်ထမ်းများအတွက် ဆန်အိတ်များနှင့် ဆီဘူးများ လာရောက်လှူဒါန်း

ပင်လောင်း   စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ဆေးရုံတွင် တာ၀န်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအတွက် ဆန်အိတ်များနှင့် ဆီဘူးများကို အလှူရှင်က ယနေ့ နံက်ပိုင်းတွင် မြို့နယ်ပြည်သူ့ဆေးရုံသို့လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့ စျေးတန်းရပ်ကွက်နေ ဦးထွန်းလှိုင်+ ဒေါ်နန်းနူး (ရွေလိပ်ပြာ လက်ဖက် ရောင်းဝယ်ရေး) မိသားစုမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဖြစ်ပွားစဉ် ကာလများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်းများတွင် ရှေ့တန်းမှ အားသွန်ခွန်စိုက် ပါ၀င်ဆောင်ရွက်ပေးခဲ့ကြသော ပင်လောင်းဆေးရုံဝန်ထမ်းများ အတွက် ငွေကျပ်တစ်ဆယ့်တစ်သိန်းတန်ဖိုးရှိ ဆန်အိတ်များနှင့် ဆီဘူးများကို လာရောက် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ပင်လောင်း)