ကော့မှူး စက်တင်ဘာ ၂၉
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများအမှန်တကယ် လိုအပ်သော အခြေခံစားသောက်ကုန်များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၏စီစဉ်မှုဖြင့် ယနေနံနက်၉နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ် ရပ်ကွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့တွင် ဒေသခံပြည်သူများအား သန့်ရှင်းလတ်ဆက်သော ဆန်၊ ဆီ၊ ကြက်ဥ၊ အမဲသား၊ ဆိတ်သား များအား ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေးနေကြောင်း သိရသည်။
ထို့သို့ရောင်းချရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့်ဝန်ထမ်းများ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဈေးဝယ်လာပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေးအတွက် ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ဈေးဝယ်ယူနိုင်ရေးနှင့် ယာဉ် အန္တရာယ် ကင်းရှင်းစေရေးတို့အား ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဈေးရောင်းချရာတွင် ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဧည့်မထ တစ်ပြည်လျှင် ငွေကျပ် ၁၀၀၀နှုန်းဖြင့် ဆန်ငါးပြည် တစ်အိတ်ကို ငွေကျပ် ၅၀၀၀ ဖြင့်လည်းကောင်း၊ ပေါ်ဆန်းတစ်ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၈၅၀၀ဖြင့် အိတ်အားလည်းကောင်း ဆီငါးဆယ် သားတစ်ဘူးကို ငွေကျပ် ၁၈၅၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥဆယ်လုံး တစ်ကဒ်လျှင်(၁၁၀၀)ကျပ် နှုန်းဖြင့် လည်းကောင်း၊ အမဲသား တစ်ဆယ်သားလျှင် ၁၂၀၀နှုန်းနှင့် ဆိတ်သားတစ်ဆယ်သားလျှင် ၁၇၀၀နှုန်းတို့ဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကျော်သူရ