ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆူးယာန်ကျေးရွာခန်းမဆောက် လုပ်ပြီးစီး

ဆွမ်ပရာဘွမ် စက်တင်ဘာ၂၉

ကချင်ပြည်နယ်၊ ပူအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ကဝါးပန်ကျေးရွာအုပ်စု၊ ဆူးယာန် ကျေးရွာခန်းမ တည်ဆောက်ခြင်းလုပ်ငန်းကို၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်ပြီး စီးခဲ့ကြောင်း သိရသည်။

အဆိုပါ ကဝါးပန်ကျေးရွာအုပ်စု၊ ဆူးယာန်ကျေးရွာသည် မြစ်ကြီးနား-ဆွမ်ပရာဘွမ်မြို့ ပြည်ထောင်စုလမ်းကြီးပေါ်ရှိပြီး ဆွမ်ပရဘွမ်မြို့မှ၆၅မိုင်ခန့်ဝေးသောဒေသဖြစ်ရာ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (VDP)လုပ် ငန်းမှကျေးရွာခန်းမှ ဆောက်လုပ်ပေးခြင်းကြောင့် ကျေးရွာအတွင်းအစည်းအဝေးလုပ်နိုင်ခြင်း၊ဌာဆိုင်ရာများမှ ကွင်းဆင်းလုပ်ငန်း ဆောင်ရွက် ရန်အတွက်အဆင်ပြေချောမွေ့ခြင်း၊ လူကြီးများခရီးစဉ်အတွင်း တွေ့ဆုံပွဲများပြုလုပ်နိုင်ခြင်း၊ ကျေးရွာတွင်းလုပ်ငန်း ကိစ္စများညှိနိုင်းဆွေးနွေးနိုင်ခြင်းစသည့် ရည်ရွယ်ချက်များဖြင့် ၅၀၃၀၁၂' ပေခန်းမကို ငွေကျပ်၁၀သန်းဖြင့် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း မြို့နယ်ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

Henry Miko sa(ဆွမ်ပရာဘွမ်)