ကျေးသီး သြဂုတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်၂၀၀၀၀/-နှုန်းဖြင့် ယနေ့မွန်းလွဲ ၂ နာရီ က ဒုတိယအကြိမ် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမြင့်ဝေ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အုပ်စုစာရေးတို့က ကျေးသီးမြို့နယ်အတွင်းရှိ ရပ်ကွက်(၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၂)အုပ်စုအတွက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀/- နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
သဲစုပိုင်(ပြန်/ဆက်)