နောင်ချို စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Oline မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ်ရိုက်ကူးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် “ဆင်သေကောင်နှင့်ကျီးကန်းမိုက်” ခေါင်းစဉ်ဖြင့် ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်ရုံး စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူ၊ သားငယ်၊ သမီးငယ်လေးများအတွက် စာပေဗဟု သုတ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက Oline မှ တစ်ဆင့် သုတ၊ ရသ စာအုပ်မိတ်ဆက် အစီအစဉ်၊ ဆေးရောင်ခြယ် အစီအစဉ်၊ ပုံပြောခြင်း အစီအစဉ်၊ ကဗျာလေးတွေ ရွတ်ကြမယ်အစီအစဉ်၊ စက္ကူအရုပ်ခေါက်အစီအစဉ်များကိုစဉ်ဆက်မပြတ် နောင်ချိုပြည်သူ့စာကြည့်တိုက် Page မှတစ်ဆင့် တင်ဆက် ပေးလျက်ရှိကြောင်း သိရသည်။
ထွေးငယ် (ပြန်/ဆက်)