လောက်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်

လောက်ကိုင်      စက်တင်ဘာ  ၂၉

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆေးကြပ်မတ်ခြင်းများကို ယနေ့နံနက်(၉) နာရီမှ(၁၁) နာရီအထိ  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်   ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်   ကုသရေးကော်မတီ    ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့ ပူးပေါင်း၍ အမှတ်(၁)ရပ်ကွက် ကြာပန်းအဝိုင်း၊ အမှတ်(၂) ရပ်ကွက်ငြိမ်းချမ်းရေး ကျောက်တိုင်အဝိုင်း၊ အမှတ်(၃)ရပ်ကွက်  ရင်ဖုံးအဝိုင်းများတွင် ပြည်သူများ Stay at  home  ညွှန်ကြားချက်များအား   လိုက်နာမှုအားနည်းလာသည့်အတွက်   ကွင်းဆင်းကြပ်မတ်စစ်ဆေး  ပညာပေးမှုများ    ဆောင်ရွက်ခဲ့ကြောင်း   သိရသည်။

နန်းမြမြ၀င်း