ရန်ကင်း စက်တင်ဘာ ၂၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မေလပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၁၀)နာရီ အချိန်က အမှတ်(၁)ရပ်ကွက် Golden City အိမ်ရာဝင်းအတွင်း၌ အိမ်ထောင်စုဇယားနှင့် မှတ်ပုံတင်ကတ်မရှိသေးသူများအား ကွင်းဆင်း ပြုလုပ်ပေးနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ရန်ကင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်ထွန်းက အဖွင့်အမှာ စကား ပြောကြားခဲ့သည်။
ဆက်လက်၍ လူဝင်မှုကြီးနိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင်ပန်းခင်း စီမံချက် စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြေားကြားရာတွင် ပန်းခင်းစီမံချက် ဆောင်ရွက်ရာ၌ လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စု လူဦးရေ စာရင်းမရှိ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများ အတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက် မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း နည်းလမ်းများဖြင့် (၄.၁၁.၂၀၀၄) ရက်နေ့မတိုင်မီ မွေးဖွားသူများနှင့် ကိုင်ဆောင်လက်မှတ် မရှိသောသူများကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းရှင်းလင်း ပြောကြားသည်။
အဆိုပါပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းကို မြို့နယ်အတွင်းရှိ ကျန်ရှိသော ရပ်ကွက်များတွင်လည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း နှင့်အဆိုပါရှင်းလင်းပွဲသို့ Golden Crty အိမ်ရာ ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)