နောင်တရား စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အ.မ.က ကျောင်းကုန်းကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဒေသခံပြည်သူ များ ကာကွယ်ဆေးထိုးနှံပေးသည့် ဒုတိယနေ့တွင် လာရောက်ထိုးနှံကြသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော်မှ ကာကွယ်ဆေး လုပ်ငန်းများကို ဦးစားပေးအစီအလိုက်ထိုးနှံပေးလျက်ရှိပြီး နောင်တရားမြို့ မြို့ပေါ်သုံးရပ်ကွက်နှင့် နန်းပုလင်း ကျေးရွာအုပ်စု၊ နောင်ပီကျေးရွာအုပ်စု၊ မြောက်ထီဗွာကျေးရွာအုပ်စု၊ ပေါ့ယားကျေးရွာအုပ်စု၊ ပေါ့အင်ကျေးရွာအုပ်စုအတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသည့် ဒေသခံပြည်သူများကို ဒုတိယ နေ့အဖြစ် ထိုးနှံပေးလျက်ရှိသည်။
နောင်တရားတိုက်နယ်ဆေးရုံမှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် နောင်တရားမြို့ပေါ်နှင့် ကျေးရွာအုပ်စုများအတွင်းတွင် ဇူလိုင်လ ၁ရက်နေ့မှ စက်တင်ဘာလ ၂၃ ရက်နေ့ အထိ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၂၂၀ ဦး ရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၂၀၃ဦး လက်ရှိတွင်ဆေးရုံတက်ရောက်ကုသမှုခံယူနေသည့် ကိုဗစ်-၁၉ရောဂါ Positive လူနာ (၁၇)ဦးကို တိုက်နယ်ပြည်သူ့ ဆေးရုံနှင့် နောင်တရား အ.ထ.ကကျောင်းရှိ ကျန်းမာရေး စောင့်ရှောက်မှု စင်တာများတွင် ဆေးဝါးကုသမှု ခံယူလျက်ရှိပြီး သေဆုံးလူနာမရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)