မန့်ဟီးရိုး စက်တင်ဘာ ၂၉
နယ်စပ်ဒေသတစ်ခုဖြစ်သော မန့်ဟီးရိုးမြို့အတွင်းရှိ မသန်စွမ်းသူများအတွက် အခွင့်အရေး ဥပဒေများရေးဆွဲထားရှိသည်ကို သိရှိနိုင်ရန် ရည်ရွယ်ပြီး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန့်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ရုံးပြည်သူ့စာကြည့်တိုက် ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်စန္ဒာဝင်းက Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေပါ ရည်ရွယ်ချက်၊ မသန်စွမ်းလို့ ခေါ်ဆိုရခြင်းအကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ခွဲခြားဆက်ဆံမှုများမရှိစေရေး၊ မသန်စွမ်းသူများနှင့် ဆက်သွယ်နိုင်မည့် နည်းလမ်းများစသည် တို့ကိုဆွေးနွေးခဲ့သည်။
ယင်းနောက် ဒေါ်ချစ်ချောစုက မသန်စွမ်းသူများသည်လည်း သန်စွမ်းသူများနည်းတူ ပညာသင်ယူခွင့်ရှိသည့် ပညာရေးအခြေအနေနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခွင့်အရေး အခြေအနေများကို ဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာမှ ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် စီစဉ်ရိုက်ကူးကာ We Love Manhyloe Facebook Page နှင့် Iprd Manhyloe Facebookတို့တွင် ဖော်ပြတင်ဆက်ပေးသွား မည်ဖြစ်ကြောင်းသိရသည်။
စန္ဒာ