ထန်းတပင်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများအား ဦးတည် အုပ်စုများ အလိုက်ကာကွယ်ဆေးထိုးနှံပေး

ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၂၈ ရက်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသူများအား သက်ဆိုင်ရာ ဦးစာပေး စုရပ်များတွင် ဦးတည်အုပ်စုများအလိုက် ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ယမန်နေ့က မြို့မအားကစားကွင်းစုရပ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသူများအား ဦးတည်အုပ်စုအလိုက် ပထမ အကြိမ်ကာကွယ်ဆေးကိုထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထန်တပင်မြို့နယ်အတွင်း ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးမထိုးနှံရသေးသူများအား ပထမ အကြိမ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့မအားကစားကွင်းစုရပ်တွင် ထိုးနှံပေးခဲ့ရာ ကာကွယ်ဆေး လာရောက် ထိုးနှံသူဦးရေ(၇၇၃)ဦးရှိကြောင်းသိရပြီး မြို့နယ်အတွင်းရှိ သံဃာတော် အရှင်သူမြတ်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်အထက် အဘိုးအဘွားများ၊ အသက်(၅၅)နှစ်မှ အသက်(၆၄)နှစ်ကြား အသက်အရွယ်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ၄င်းတို့၏မိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး လုပ်ငန်းဆောင်ရွက်နေကြသူများ၊ ဟိုတယ်၊ မိုတယ်၊ တည်ခိုခန်းနှင့် အစားအသောက် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေကြသူများ၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်နေကြသူများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းဆောင်ရွက်နေကြသူများ၊ စားသောက်ကုန် ပစ္စည်းရောင်းချသူများ၊ လက်ဘက်ရည်ဆိုင်၊ စားသောက် ဆိုင်မှဝန်ထမ်းများ၊ အခြားဝင်ငွေ ရှိသောလုပ်ငန်းလုပ်ကိုင်နေကြသူများ၊ မသန်စွမ်းသူများ၊ နာတာရှည် ရောဂါရှိသူများနှင့် အကျဉ်းသားများကို ဦးတည်အုပ်စုများခွဲကာ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးကို ထိုးနှံပေးခြင်းဖြစ်ကြောင်းလည်းသိရသည်။

ထန်တပင်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေး ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် စုရပ်များခွဲကာ ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ထိုးနှံပေးခြင်းဖြစ်ပြီး စက်တင်ဘာလ(၂၈)ရက်နေ့တွင် အ.ထ.က(ခွဲ)ရခိုင်ရိုးကြီးနှင့် ဘောလည် တိုက်နယ်ဆေးရုံ၊ စက်တင်ဘာလ(၂၉)ရက်နေ့တွင် ရခိုင်ရိုးလေးဘုန်းတော်ကြီးကျောင်းနှင့်နဲသမိန် တိုက်နယ်ဆေးရုံစုရပ်တို့တွင် ကာကွယ်ဆေးကိုဆက်လက်၍ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း လည်းသိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)