သင်္ဃန်းကျွန်း၊ စက်တင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အ-ထ-က(၂)ကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် အသက် ၅၅ နှစ်နှင့်အထက်ပြည်သူများကို ကာကွယ်ဆေး စတင်ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးကို တစ်ကြိမ် တစ်ခါမျှ ထိုးနှံဖူးခြင်းမရှိသော သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အသက် ၅၅ နှစ်နှင့် အထက်ပြည်သူများအား ကျန်းမာရေး ဝန်ထမ်းမှ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့် အညီကာကွယ်ဆေးများကိုထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)