ရမည်းသင်းမြို့နယ်အတွင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို ကျေးရွာများအရောက်ကွင်းဆင်း အသိပညာပေး

ရမည်းသင်း  ဩဂုတ် ၁၆

ရမည်းသင်းမြို့နယ်အတွင်းရှိ မော်တော်ယာဉ်ကြီး၊ ယာဉ်ငယ်အသုံးပြုသူများ၊ မော်တော်ဆိုင်ကယ် အသုံးပြုသူများ ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာ‌ပေးခြင်းကို အမှတ်(၉၇) ယာဉ်ထိန်းတပ်ဖွဲ့စု(ရမည်းသင်း)က ယမန်နေ့ နံနက်(၉)နာရီက ကျေးရွာများသို့ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

"ကျွန်တော်တို့အနေနဲ့ ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေကို ပြည်သူတွေသိရှိစေဖို့ ပညာပေး လုပ်ငန်းတွေဆောင်ရွက်ခြင်းအဓိကအချက်ကတော့ မည်သည့် မော်တော်ယာဉ်မဆို နေ့/ည မရွေး ရှေ့မီးထွန်းပြီး မောင်းနှင်ဖို့၊ မော်တော် ဆိုင်ကယ်ဆိုရင်လည်း သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာမောင်းနှင်ဖို့ ဖြစ်ပါတယ်ဟု အမှတ်(၉၇)ယာဉ် ထိန်းရဲ တပ်ဖွဲ့စု ရဲအုပ်ထွန်းလှမင်း ကရှင်းပြသည်။

ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးခြင်းကို အမှတ်(၉၇) ယာဉ်ထိန်းတပ်ဖွဲ့စု (ရမည်းသင်း)တပ်ဖွဲ့ဝင်များမှ ရွှေ့လျားစနစ်ဖြင့် ကင်မွန်းခြုံကျေးရွာ၊ညောင်လေးပင်ကျေးရွာနှင့် အလယ်ကုန်းကျေး တို့ကို ကွင်းဆင်းအသိပညာပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ဝင်းအောင်