ကျောက်ဖြူမြို့တွင် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျောက်ဖြူ  စက်တင်ဘာ ၂၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင်နေထိုင်လျက်ရှိသည့် ပြည်သူများအား မုန်တိုင်းဘေးအန္တရာယ် နှင့်ရင်ဆိုင်ကြုံတွေ့လာပါက လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန် အချက်များကို သိရှှိစေရန်ရည်ရွယ်၍ ယနေ့နံနက် နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ငလပွေ့ဆိပ်ကမ်းနှင့် ဈေးများသို့သွားရောက်၍ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ငလပေွ့ဆိပ်ကမ်းတစ်လျောက်တွင် ကုန်တင်ကုန်ချပြုလုပ်နေသူများ၊ ပင်လယ်ငါးဖမ်းရေ လုပ်သားများ၊ ရေလမ်းခရီးပြေးဆွဲနေသည့် ရေယာဉ်ပိုင်ရှင်များ၊ ၎င်းဆိပ်ကမ်းတစ်လျောက် နေထိုင်လျက်ရှိသည့် ပြည်သူများနှင့် ဈေးများတွင် အသား/ငါး ရောင်းချနေသည့် ဆိုင်ခန်းများသို့သွားရောက်၍ မုန်တိုင်းဘေးပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးပြီး နှာခေါင်းစည်းမပါရှိသူများအား နှာခေါင်းစည်းများ ဝေငှပေးခဲ့ကြသည်။

အဆိုပါလက်ကမ်းစာစောင်တွင် မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် လိုက်နာရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန်တွင် ပြုလုပ်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့် အချက်များနှင့် မုန်တိုင်းများ၏အန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန် အရောင်ဖြင့်သတိပေးစနစ်များ စသည့်အသိပညာပေးများ ထည့်သွင်းဖော်ပြပါရှိကြောင်း သိရသည်။

တင်ထွန်းဦး