သပိတ်ကျင်း စက်တင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း အသက် (၅၅) နှစ်အထက်နှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား ကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံ ခြင်းကို ယမန်နေ့က သပိတ်ကျင်းမြိုနယ်အတွင်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးလျှက်ရှိသော ကိုဗစ်-ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ Sinopharm အမျိုးအစား ဖြစ်ပြီး သပိတ်ကျင်းမြို့နယ်အတွင်း အသက်( ၅၅)နှစ်အထက် (၁၅၈) ဦး၊ ဦးစားပေး အဆင့်မှ ပရဟိတ (၁၅) ဦး၊ ဘုန်းတော်ကြီးနှင် သီလရှင် (၅) ပါး၊ နိုင်ငံဝန်ထမ်း (၂၅) ဦး၊ စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်း (၁၁) ဦး၊ စျေးသူ၊ စျေးသား (၃၂၄) ဦး စုစုပေါင်း (၅၆၅) ဦးအား သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများမှ စုရပ်အလိုက် ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ်အတွင်း အသက် (၅၅) နှစ်အထက်နှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေ သည့် ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စိုးနိုင်ဝင်း