နောင်မွန်း စက်တင်ဘာ ၂၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၇)ကြိမ် မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအနေဖြင့် နောင်မွန်းမြို့နယ်ရဲတပ်ဖွဲ့ ဝန်ထမ်းမိသားစုတို့က ယနေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ်ပြည်သူ့ဆေးရုံးဝန်းအတွင်း စုပေါင်းသန့်ရှင်း ရေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် နောင်မွန်းမြို့နယ် ယာယီရဲမှူး ဇော်လင်းနိုင်၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး မင်းမင်းတို့ ဦးစီးမှုဖြင့် ရဲတပ်ဖွဲ့ဝင်(၃၈)ဦးတို့က နောင်မွန်းမြို့နယ် ပြည်သူ့ဆေးရုံ ဝန်းအတွင်း ချုံနွယ်များရှင်းလင်းခြင်း၊ ရေနှုတ်မြောင်းများတစ်လျှောက် သန့်ရှင်းရေးနှင့် ရေစီရေလာ ကောင်းမွန်စေရန ်ဆောင်ရွက်ခြင်း၊ ပြည်သူ့ဆေးရုံး ရှေ့လမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပြီး အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနမ်ရဲမင်နှင့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူး ညီညီဝင်း၊ လဝကဦးစီးမှူး ဦးကျော်လွင်တို့ တက်ရောက်ကြည့်ရှု အားပေးခဲ့ ကြောင်း သတင်းရသည်။
မြို့နယ်(ပြန်/ဆက်)