မြေပုံမြို့နယ်ရှိ ကျေးရွာနေပြည်သူများအား ပထမအကြိမ် (ဒုတိယအသုတ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

မြေပုံ စက်တင်ဘာ ၂၇

ရခိုင်ပြည်နယ်၊ မြောက်ဉီးခရိုင်၊ မြေပုံမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများအား ပထမအကြိမ် (ဒုတိယအသုတ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က သတ်မှတ်စုရပ်()ခုတွင် ထိုးနှံလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးမင်းဦး လမ်းညွှန်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်း ဦးဆောင်ကာ ကျန်းမာရေးဝန်ထမ်းများ၊ ထွေ/အုပ်ဝန်ထမ်းများ၊ ကျေးရွာရှိပရဟိတအဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ကျေးရွာနေ ဦးတည်အုပ်စုဝင် ကျေးလက်နေပြည်သူများအား သတ်မှတ်ဆေးထိုးစုရပ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကိုရံပြင်၊ လောင်းဒရိတ်၊ ကျီးခေါင်းတောင်၊ အောင်မင်္ဂလာ၊ ကျောက်ဖလား၊ ဖလားကျ၊ ရေနီကြီးနှင့် ငွေတွင်းတူးကျေးရွာများ၌ ကာကွယ်ဆေးထိုးရန် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအတိုင်း စီစစ်ကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး SINOPHARM ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန မှသိရသည်။

တင်ဝင်း