မောက်မယ် စက်တင်ဘာ၂၇
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း COVID-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကာလအတွင်း COVID-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသော Volunteer အဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပ ခဲ့သည်။
ရှေးဦးစွာ COVID-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်ကအဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်အဆင့် COVID-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီး ဌာနမှဦးဆောင်၍ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းနှင့် COVID-၁၉ရောဂါပိုးတွေ့ လူနာများအား စနစ်တကျစီမံဆောင်ရွက်မှုလုပ်ငန်းများတွင် Volunteerအဖွဲ့များက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်နေခြင်း အတွက် COVID-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး မြို့နယ်အဆင့်လုပ်ငန်း ကော်မတီမှ ဂုဏ်ပြုမှတ်တမ်းလွှာ များအား တာဝန်ရှိသူများတို့က ပေးအပ်ရာ Volunteer တစ်ဦး ချင်းမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)