ရသေ့တောင် စက်တင်ဘာ ၂၇
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ အသက်(၁၈)နှစ်အထက်နှင့် အကြောင်း အမျိုးမျိုးကြောင့် ဆေးထိုးရန်ကျန်ရှိသည့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်အား သတ်မှတ်ဆေးထိုးနေရာ(၆)နေရာများတွင် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးအား ရသေ့တောင်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ် အထက်နှင့် အကြောင်းအမျိုး မျိုးကြောင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ဒေသခံပြည်သူများ နိုင်ငံဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၊ နာတာရှည် ရောဂါခံစားနေရသူများ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ ကုန်စုံဆိုင်များ စသည့် ဉီးစားပေးအုပ်စုများပါဝင်သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်္-၁၉ စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန် တိုင်းပေးခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ ဆီးချို သွေးချိုတိုင်းခြင်း စသည့် ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများ ဆောင်ရွက်ပြီး ကာကွယ်ဆေးထိုးပြီး နောက်လည်း မိနစ်(၃၀)ခန့် နားနေစေပြီးမှ ပြန်လည် ထွက်ခွာပြုပြီး ဆေးထိုးရန် လာရောက်ကြသည့် ဒေသခံပြည်သူများအဆင်ပြေ ချောမွေ့စွာဖြင့် ထိုးနှံနိုင်ရေး ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။
ရသေ့တောင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအနေဖြင့် နိုင်ငံတော်အစိုးရရဲ့ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ် အတွင်း သတ်မှတ်ဉီးစားပေးအုပ်စုများတွင် ပါဝင်သည့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ စက်တင်ဘာ ၂၆ ရက်နေ့ထိ အသက်(၁၈)နှစ်အထက်နှင့် ဉီးစားပေးအုပ်စုတွင်ပါဝင်သည့် ဒေသခံပြည်သူ စုစုပေါင်း( ၆၆၄၈ )ဦးတို့အား ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသူ များကို လည်း ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အောင်စံထွန်း( ပြန်/ဆက် )