မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးပိုစတာများ‌တစ်အိမ်တက်ဆင်း လိုက်လံကပ်နှံခြင်းနှင့် မီးသုံးစွဲမှု အခြေအနေများအားစစ်ဆေးခြင်းတို့ဆောင်ရွက်

မန္တ‌လေး စက်တင်ဘာ ၂၇

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်တွင်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးပိုစတာများ တစ်အိမ် တက်ဆင်းလိုက်လံကပ်နှံခြင်းနှင့် မီးသုံးစွဲမှုအခြေအနေများအား စစ်ဆေးခြင်းတို့ကို ယနေ့နံနက်၁၀နာရီက အမရဌာနီ အရှေ့ ရပ်ကွက်အတွင်းရှိ အကွက်(၄၄)နှင့် အကွက်(၄၅)တို့တွင်ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ တပ်ခွဲ(၃)လက်အောက်ရှိ ရပ်ကွက်အရန် မီးသတ်တပ်ဖွဲ့မှတပ်စုမှူး အောင်ဝင်း၊ တပ်ကြပ်ကြီး ဆန်းဝင်းထွန်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စုစုပေါင်း (၁၀)ဦးတို့က အဆိုပါ အမရဌာနီရပ်ကွက် အတွင်းရှိ အကွက်(၄၄နှင့်၄၅)တို့တွင် နေထိုင် ကြသော ပြည်သူများ၏ နေအိမ်များသို့ သွားရောက်၍ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် အသိပညာပေးပိုစတာများ‌ တစ်အိမ်တက်ဆင်း လိုက်လံကပ်နှံခြင်းနှင့် မီးဖိုမီးသုံးစွဲမှု၊ လျှပ်စစ်မီး သုံးစွဲမှုနှင့် ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာကြိုးများ အသစ်ပြန်လည် လဲလည်သုံးစွဲ နိုင်ရေးတို့ကို စစ်ဆေး အသိပညာပေးခြင်း များ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ဇော်လင်းဦး(အောင်စံ)