ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြို့နယ်နေပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ ရရှိစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် 6.6 KV ဓာတ်အားလိုင်းကြိုး အသစ်လဲလှယ်တပ်ဆင်ခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ ခနောင်တိုအရှေ့ရပ်ကွက်၊ ဗိုလ်တေဇ လမ်းတွင် လျှပ်စစ်ဝန်ထမ်းများမှ ဆောင်ရွက်လျက်ရှိသည်။
ဆောင်ရွက်ရာတွင် ရန်ကုန်လျှပ်စစ် ကောင်းကင်ဓာတ်အားလိုင်းအဖွဲ့နှင့် မြို့နယ်လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းများ ပူးပေါင်း၍ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ခနောင်တိုအရှေ့ရပ်ကွက်၊ ဗိုလ်တေဇလမ်းရှိ 6.6KV ကြိုးအား SAC Cover ကြိုးဖြင့် အသစ်လဲလှယ် တပ်ဆင်လျက်ရှိရာ လုပ်ငန်းပြီးစီးပါက ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိ၍ လျှပ်စစ်အန္တရာယ် ကင်းရှင်းသွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ခနောင်တို အရှေ့ရပ်ကွက်ရှိ နေအိမ်အချို့နှင့် ဌာနဆိုင်ရာရုံးအချို့တို့တွင် လျှပ်စစ် ဓာတ်အား ခေတ္တမျှ ဖြတ်တောက်ထားမည်ဖြစ်ကြောင်းမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
ဝေယံ(IPRD)