မတ္တရာမြို့၌ အသက် ၈၅ နှစ် နှင့် အထက် သက်ကြီးဘိုးဘွား ၁၄၃၃ ဦးအတွက် လူမှုရေး ပင်စင်ထောက်ပံ့ပေးအပ်

မတ္တရာ    ၊    စက်တင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်းရှိ အသက်၈၅နှစ်နှင့် အထက် သက်ကြီးဘိုးများအတွက် ၂၀၂၀-၂၀၂၁ဘဏ္ဏာရေးနှစ်တတိယသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနားအတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးအောင်သူရသိန်းမှ လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု ၈၈အုပ်စုမှ သက်ကြီးဘိုးဘွား ၁၄၃၃ဦးအတွက် ဧပြီ၊ မေ၊ ဇွန် တတိယသုံးလပတ်အတွက် တစ်ဦးလျှင် ကျပ်သုံးသော င်းနှုန်းဖြင့် ၄၂၉သိန်း၉သောင်းကျပ်အား သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့ငွေများအား ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှတဆင့် သက်ကြီး ဘိုးဘွားများ ထံသို့ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။ 

 

စိုးကျော်သူထွေး(မတ္တရာ)