မဘိမ်းမြို့၌ မြို့နယ်အတွင်းရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မဘိမ်း      စက်တင်ဘာ     ၂၇   

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်အတွင်းရှိပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းသူဝင်းက မြို့နယ်အတွင်း ရှိပြည်သူများနှင့် သတ်မှတ်အုပ်စုများတွင် ပါဝင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ဆက်လက်ထိုးနှံပေးနိုင်ရေးအတွက် ကာကွယ်ဆေးအလုံးရေ(၄၇၀)လုံးရရှိပါကြောင်း၊ မြို့ပေါ်တွင် ဆေးထိုးစုရပ်(၂)နေရာခွဲ၍ ထိုးပေးနိုင်ရေး နေရာများကြိုတင်ပြင်ဆင်ထားရန်၊ ဆေးထိုးရန်ကျန်ရှိသူများအားလုံး ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရန်တို့ကို ပြောကြား ခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးရဲထွဋ်လင်း၊ ဦးထွန်းလွင်နှင့် ရဲမှူး ဝင်းလှိုင်တို့က ကာကွယ်ဆေးထိုးသတ်မှတ်စုရပ်နေရာများတွင် လုံခြုံရေးများစီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မြို့နယ်အတွင်းရှိပြည်သူများအားလုံး ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွား ကြရန်တို့ကို ဆွေးနွေးပြောကြားကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ဆွေးနွေးတင်ပြမှုများအပေါ် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌက ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 မျိုးမင်း (ပြန်/ဆက်)