ဗိုလ်တထောင်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြည်သူများ လက်ဝယ်အရောက်ပေးအပ်

ဗိုလ်တထောင် စက်တင်ဘာ ၂၇

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တေထာင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယ​မန် နေ့ နေ့လယ်(၁)နာရီ အချိန်က ဗိုလ်တထောင်မြို့နယ် အမှတ်(၂)ရပ်ကွက်၊ အမှတ်(၆၅၆) အလုပ်ရုံ လျှပ်/စက်တပ်တွင်း ဓမ္မာရုံ၌ ပြုလုပ်ပြီ နိုင်ငံသားစိစစ်​ရေးကတ်ပြားများ ပြည်သူများ လက်ဝယ် အရောက် ပေးအပ်ခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ ဗိုလ်တထောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်နိုင်​က အဖွင့်အမှာစကားပြော ကြားခဲ့သည်။ ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်တင်ရွှေက အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ပန်းခင်းစီမံချက် ဆောင်ရွက်ရာ၌  လက်ရှိဇာတိ၌ အမြဲတမ်း နေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဇာတိ ဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း နည်းလမ်းများဖြင့် ၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မတိုင်မီ မွေးဖွားသူများနှင့် ကိုင်ဆောင်လက်မှတ် မရှိသော သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဆောင်ရွက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၅)ကတ်အား ပြည်သူများလက်ဝယ်သို့ တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး အမှတ်(၆၅၆) တပ်ရေးဗိုလ်ကြီးရန်နိုင်လင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်​ရေး ကတ်ပြားများ ထုတ်​​ပေးခြင်းကို မြို့နယ်အတွင်းရှိ ကျန်ရှိ​သော ရပ်ကွက်များတွင်လည်း ဆက်လက်ကွင်းဆင်း​ဆောင်ရွက်​ပေးသွားမှာဖြစ်​ကြောင်း သိရသည်။

သိန်းသိန်း(ပြန်/ဆက်)