ရမ်းဗြဲမြို့နယ်၌ အသက် (၅) နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေး

ရမ်းဗြဲ  စက်တင်ဘာ  ၂၇

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌  အသက် (၅) နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဌာနခွဲတွင် ယနေ့နံနက် ၈ နာရီအချိန် က စတင်ပြီး ညနေ ၄ နာရီထိ  မြို့ပေါ်ရပ်ကွက် အမှတ် (၁)၊ (၂)၊ (၃) ရပ်ကွက်များမှ ကလေးငယ်များကို ဗီတာမင်အေနှင့်သံချဆေးများ တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဗီတာမင်အေဆေးနှင့် သံချဆေးကို ကလေးငယ်များအတွက် အာဟာချို့တဲ့မှုများမှ ကင်းဝေးပြီး အာဟာရပြည့်ဝ၍ ကိုယ်ခန္ဓာဖွံ့ဖြိုးကာ ကျန်းမာသန်စွမ်းစေရေးအတွက် (၆) လလျှင် တစ်ကြိမ် ပုံမှန်တိုက်ကျွေးပေးလျက် ရှိသည်။

အဆိုပါ ဗီတာမင်ဆေးနှင့် သံချဆေးများတိုက်ကျွေးရန် ရောက်ရှိလာသည့် ကလေးငယ်များကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဌာနခွဲမှ ကျန်းမာရေးဆရာမများမှ ကလေးငယ်များ၏ ဖွံ့ဖြိုးကြီးထွားမှုကို တိုင်းတာပေးခြင်း ကိုယ်အလေးချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး ဗီတာမင်အေဆေးနှင့် သံချဆေးကို တိုက်ကျွေးသည်။ ၎င်းနောက် စက်တင်ဘာလ ၂၈ ရက်နေ့တွင်လည်း နံနက် ၈နာရီမှ ညနေ ၄ နာရီအချိန်ထိ ကျန်ရှိသော မြို့ပေါ်ရပ်ကွက် အမှတ် (၄)၊ (၅)၊ (၆) ရပ်ကွက်များမှ အသက်(၅) နှစ်အောက် ကလေးငယ်များအား ဆက်လက်တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)