ကွတ်ခိုင် စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အမှတ်(၁)ရပ်ကွက်၊ ခလရ(၂၄၁)၊ ခလရ(၂၄၂) တို့တပ်အတွင်း နေထိုင်လျက်ရှိသည့် အသက်ပြည့်မီပြီး ကိုင်ဆောင်လက်မှတ်မရှိသူများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းမရှိသူများအား ယမန်နေ့နံနက်(၉:၃၀)နာရီအချိန်ကတပ်တွင်း သူရအေးချိုခန်းမဆောင်တွင်ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ကွတ်ခိုင်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက နိုင်ငံသားစိစစ်ရေးကတ်ပြားနိုင်-၃(က) ကျား(၁၂)ဦး၊ မ(၁၅)ဦး၊ ပေါင်း(၂၇)ဦး၊ နိုင်-၆(က) ကျား(၁)၊ မ(၂)ဦး၊ ပေါင်း(၃)ဦး၊ မှတ်ပုံတင်အသစ်လဲလှယ်ကျား(၁၃)မ (၂၁)၊ ပေါင်း(၃၄)ဦး၊ အိမ်ထောင်စုမိတ္တူ ပြုလုပ်သူကျား(၉)မ(၅)ပေါင်း(၁၄)ဦး၊ စုစုပေါင်း(၇၈)ဦးအားကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းနှင့် အညီနေ့ချင်းပြီး ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ကွတ်ခိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးဇော်မိုးအောင်ဦး ဆောင်သည့် ဝန်ထမ်းများနှင့် သက်ဆိုင်ရာ နယ်မြေခံတပ်ရင်းများမှ တာဝန်ရှိသူများက ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဌေးဌေး(ကွတ်ခိုင်)