အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များက အလှူငွေများလှူဒါန်း

အင်းစိန် စက်တင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက်ရှိကာ အလှူရှင်များ က အလှူငွေများ လှူဒါန်းခြင်းကို ယမန်နေ့က အလှူရှင်များက အသင်းရုံးတွင် အသီးသီးလာရောက်လှူဒါန်းခဲ့သည်။

အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ၊ ထိတွေ့လူနာ၊ သံသယလူနာများနှင့် သေဆုံးပြီးသူများအား အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းနှင့် တာဝန်ရှိ သူများက ခေါ်ယူပို့ဆောင်ပေးလျက်ရှိရာ လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ကွယ်လွန်သူ ဦးသန်းထိုက်ဦးအား ရည်စူး၍ ကျန်ရစ်သူ မိသားစုမှ အလှူငွေ ကျပ်(၃) သိန်း၊ ကွယ်လွန်သူ ဒေါ်လှသိန်းအား ရည်စူး၍ ကျန်ရစ်သူမိသားစုမှ အလှူငွေကျပ်(၁)သိန်း၊ ကွယ်လွန်သူ ဦးစံထွေးအား ရည်စူး၍ ကျန်ရစ်သူ မိသားစုမှ အလှူငွေကျပ်(၁)သိန်းနှင့် ကွယ်လွန်သူ ဦးဝင်းသန်းအား ရည်စူး၍ ကျန်ရစ်သူမိသားစုမှ အလှူငွေ ကျပ်(၅)သောင်းတို့ကို အလှူရှင်များက အသီးသီးလှူဒါန်းရာ စိန်ရတနာ နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

အင်းစိန်မြို့နယ်၊ စိန်ရတနာ နာရေးကူညီမှုအသင်းအနေဖြင့် ပုံမှန်လူမှုကူညီရေးလုပ်ငန်းများနှင့်အတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်များကို အရှိန်အဟုန်မြှင့် ပါဝင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)