မိုင်းရှူးမြို့နယ်၌ အသက် (၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေး

မိုင်းရှူး  စက်တင်ဘာ  ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်၌ ယနေ့မှစတင်၍ရပ်ကွက်/ ကျေးရွာ အုပ်စုအတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးကြောင်း သိရ သည်။

 အဆိုပါ ကာကွယ်ဆေးထိုးခြင်းကို စက်တင်ဘာ(၂၇)ရက်နေ့၌ တရုတ်ဘုံခန်းမတွင် ရပ်ကွက်(၁)၊ (၂)နှင့် နားစံ​ ကျေးရွာအုပ်စု၊ အထက (ဝမ်ကန်)တွင်ဟိုဆိုင်ကျေးရွာအုပ်စုကိုလည်း ကောင်း၊ စက်တင်ဘာ(၂၈)ရက် နေ့၌ တရုတ်ဘုံခန်းမတွင် ရပ်ကွက်(၃)၊ (၄)နှင့် မော်မေ့ ကျေးရွာအုပ်စု၊ အထက(ဝမ် ကန်)တွင် ဟိုဆိုင်ကျေးရွာ အုပ်စု၊မိုင်းစံထွေ/အုပ် ရုံးတွင် မိုင်းစံကျေးရွာ အုပ်စုကိုလည်းကောင်း၊ စက်တင်ဘာ (၂၉)ရက်နေ့တွင် အထက(ဝမ်ကန်) တွင် ဟိုဆိုင် ကျေးရွာအုပ်စု၊ မိုင်း အော့/နားဝိုင်ကျေးရွာ အုပ်စုကို မိုင်းအော့ ကျေးလက်ကျန်းမာရေးဌာနတွင်လည်းကောင်း၊ ဝမ် ဆော့/ ဖာယကျေးရွာအုပ်စု ကိုဝမ်ဆော့ကျေးလက် ကျန်းမာရေးဌာနတွင်လည်းကောင်း၊ ဟိုက်ပါ ကျေးရွာ အုပ်စုကိုဟိုက်ပါကျေး လက်ကျန်းမာရေးဌာနတွင် လည်းကောင်းသတ်မှတ်နေ ရာများတွင် သတ်မှတ်သော ရက်အလိုက်နံနက် ၉နာရီမှ ညနေ ၃နာရီထိအလှည့်ကျ ထိုးနှံပေးသွားမည်ဖြစ် ကြောင်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တောင်ပေါ်သူ(မိုင်းရှူး)