ကာလိ စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် လိုအပ်သည့်ပစ္စည်းများအား အခြားမြို့နေ စေတနာ့အလှူရှင်များက စုပေါင်း၍ ယနေ့ နံနက်(၉)နာရီအချိန်ခန့်က နမ့်ခုံးရှမ်းများ ပရဟိတခန်းမ၌ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းခြင်းတွင် ခိုလမ်မြို့နေ ဗိုလ်ကြီးရဲမင်းစိုး ဦးဆောင်သော အဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင်လည်းကောင်း၊ ကျန်းမာရေး ဝန်ထမ်းများက လိုအပ်သည့် ပစ္စည်းများ အသုံးပြုရာတွင်လည်းကောင်း အစရှိသည့် နေရာများတွင် အသုံးပြုစေရန်အတွက် PPE CIC(Level 3) (၂၀)စုံ၊ Surgical gowns (၂၀)စုံ၊ နှာခေါင်းစည်း (Mask) (၅၀)ခုပါ (၆)ဗူး၊ Face Shield (၂၀)ခု၊ 500 ml Spray (၆)ဗူး၊ MOB Cap (၃၀)ခု၊ Vitamin-C 1000 tab စုစုပေါင်း တန်ဖိုးငွေကျပ် (၂၇၇၀၀၀)ကို လှူဒါန်းပေးခဲ့ရာ ကာလိမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီများဖြစ်သည့် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် တာဝန်ရှိသူများတို့က လက်ခံရယူခဲ့သည်။ ထို့နောက် ကာလိမြို့နေပြည်သူများကိုယ်စား မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းက အခြားမြို့နေ စေတနာ့ အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားပေးခဲ့ကြောင်း သိရသည်။
နန်းဆေး(ကာလိ)