ဆီဆိုင် စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် မေတ္တာရောင်ခြည် လူမှုကူညီရေး လူငယ်အဖွဲ့မှ ယနေ့ နံနက် ၉ နာရီက နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်သည်။
နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မေတ္တာရောင်ခြည် လူမှုကူညီရေးလူငယ်အဖွဲ့က တောင်ကြီး-ဆီဆိုင်-လွိုင်ကော် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ လမ်းသွား၊ လမ်းလာပြည်သူများ၊ ပျံကျဈေးနှင့် လူသွားလူလာများသော လမ်းဆုံနေရာများတွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)