သာစည် စက်တင်ဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး များ ဆက်လက်ထိုးနှံပေးနိုင်ရေး အသိပေးနှိုးဆော်ခြင်းကို မြို့နယ်ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ယမန်နေ့ ညနေ ၃ နာရီက မိတ္ထီလာ-တောင်ကြီးသွား ကားလမ်းမတလျှောက်နှင့် မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့် လည်နှိုးဆော်၍ အသိပေးကြေညာခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပေးနှိုးဆော်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်မီးသတ် တပ်ဖွဲ့ ဝန်ထမ်းများက ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ပထမအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် နိုင်ငံဝန်ထမ်းများ၊ ဈေးရောင်းချသူများ၊ အလုပ်ဌာနများမှ အလုပ်သမားများ၊ အသက် ၅၅ နှစ်အထက် ပြည်သူများ၊ ဒုတိယအကြိမ် ထိုးနှံရ မည့် အလုပ်ဌာနများမှ အလုပ်သမားများအား သာစည်မြို့ စည်ပင်သာယာခန်းမ၌ သတ်မှတ်ထား သည့် နေ့ရက်များတွင် လာရောက်ထိုးနှံကြရန်၊ ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ထိုးနှံထားပြီး အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် မိဘပြည်သူများကိုလည်း သာစည်မြို့နယ် စည်ပင်သာယာခန်းမ၌ ဆေးထိုးနေ့ရက် များတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးအား အကြိမ်ပြည့် လာရောက်ထိုးနှံ ပေးကြပါရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များကို လိုက်နာကြရန်၊ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများတွင်လည်း ပြည်သူ များက ပူးပေါင်းပါဝင်ပေးကြပါရန် လိုက်လံ၍ အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)