မာန်အောင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

မာန်အောင် စက်တင်ဘာ၂၆


 

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ကို (တတိယအသုတ်) ပထမအကြိမ် အသက်(၁၈)နှစ် အထက် ပြည်သူများအား ကျေးလက်ကျန်းမာရေးဌာနများတွင် သတ်မှတ်ရက်အလိုက် ထိုးနှံပေးလျက်ရှိရာ ကန်းစွန်းကျေးလက်ကျန်းမာရေးဌာန၌ ယနေ့ နံနက် ၉ နာရီမှ ညနေ ၃ နာရီထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


 

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များ နှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရန် သတ်မှတ်နေရာများထားရှိပြီး ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပြီး ပုံမှန်အခြေ အနေရှိသူများကိုသာ ကာကွယ်ဆေး ထိုးနှံပေးပြီး ဆေးထိုးနှံပြီးသူများအား မိနစ် ၃၀ ခန့် ဘေးထွက် ဆိုးကျိုး ရှိ/မရှိ စောင့်ကြည့်ပေးကာ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။


 

မာန်အောင်မြို့နယ်တွင် (တတိယအသုတ်) ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို စက်တင်ဘာ (၂၄) ရက်နေ့က စတင်ထိုးနှံပေး လျက်ရှိရာ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း (၄၀၁၅) ဦးရှိပြီး ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


 

သိန်းဖေ