မြန်မာချီကျိဖောင်ဒေးရှင်း ပရဟိတအသင်းမှ ဆိပ်ကြီးခနောင်တိုမြို့နယ်နေ အခြေခံလူတန်းစားပြည်သူများအား ဆန်နှင့် ဆီများ ဒုတိယအကြိမ် ထပ်မံ လှူဒါန်း

ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင် တိုမြို့နယ်၌  ယနေ့ နံနက်ပိုင်းတွင် “မြန်မာချီကျိ ဖောင်ဒေးရှင်းပရဟိတအသင်း” မှ မြို့နယ်အတွင်းရှိ အခြေခံ လူတန်းစားပြည်သူများအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်နှင့် ဆီများကို ဒုတိယအကြိမ်အဖြစ် လာရောက် လှူဒါန်း ခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် မြန်မာချီကျိဖောင်ဒေးရှင်း ပရဟိတအသင်းမှ ကော်မရှင်နာ ဒါရိုက်တာ ဦးကျော်ခိုင် ဦးဆောင်၍  ဖောင်ဒေးရှင်း ပရဟိတ အသင်းသားများက ရပ်ကွက် ၉ ရပ်ကွက်ရှိ အခြေခံလူတန်းစား  အိမ်ထောင်စု တစ်စုလျှင် ဆန် ၁၂ ပြည်အိတ် ၁ အိတ် နှင့် ဆီ ၅၀ ကျပ်သားဘူး ၁ ဘူးနှုန်းဖြင့် အိမ်ထောင်စု ၂၅၀၀ စုအတွက် ဆန်အိတ် ၂၅၀၀ အိတ် နှင့် ဆီဘူး ၂၅၀၀ ဘူး တို့ကို စက်တင်ဘာ ၂၃ ရက်နေ့တွင် ပထမအကြိမ် အဖြစ်လှူဒါန်းပေး ခဲ့ပြီး၊ ယနေ့ စက်တင်ဘာ ၂၆ ရက်နေ့တွင် ရပ်ကွက်အလိုက် သတ်မှတ်စုရပ်များတွင် ပြည်သူများလက်ဝယ် အရောက် စုစုပေါင်းဆန်အိတ် ၃၅၀၀ နှင့် ဆီဘူး ၃၅၀၀ တို့ကို ဒုတိယ အကြိမ်အဖြစ် ထပ်မံ လာရောက်လှူဒါန်းပေးခြင်းဖြစ် ကြောင်း  သိရသည်။

လှူဒါန်းရာသို့ ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များက ဦးဆောင်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ လူငယ်များက လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေယံ