သုံးခွ စက်တင်ဘာ ၂၆
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ နိုင်ငံတစ်၀န်းလုံးရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများပါမကျန် စုရပ်နေရာများတွင် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို အမျိုးသားရေး တာ၀န်တစ်ရပ်အနေဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ သုံးခွမြို့နယ်တွင် ကိုဗစ်-ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံသည့် ပြည်သူများ၏ ရင်တွင်းစကားသံများကိုလည်း ဖော်ပြပေးအပ် ပါသည်။
ဦးတင်ထွန်း (ရဲနွဲ့ကျေရွာ)
အဘအမည်ကတော့ဦးတင်ထွန်းဖြစ်ပါတယ် ရဲနွဲ့ကျေးရွာက ရပ်မိရပ်ဖတစ်ဦးလည်း ဖြစ်ပါတယ်။ အခုလို ကိုဗစ်-၁၉ ကာကွယ်ဆေးကို လာရောက် ထိုးနှံပေးသည့်အတွက် တစ်ရွာလုံးကိုယ်စား ကျေးဇူးတင်ပါတယ်။ တကယ်လည်း ထိုးသင့်ထိုးထိုက်တဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ ဖြစ်နေတယ်ဆိုတာ မိဘပြည်သူများ အားလုံးလဲသိရှိပြီးသား ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရနဲ့ ဌာနဆိုင်ရာ အကြီးကဲများအားလုံးက ရဲနွဲ့ကျေးရွာမှာရှိတဲ့ ပြည်သူတွေကို အိမ်တိုင်ရာရောက် လာရောက် ကာကွယ်ဆေး ထိုးနှံပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ရှိပါတယ်။ မထိုးရသေးတဲ့ လူငယ်လူကြီးများလဲ လာရောက်ထိုးနှံပေးကြပါလို့ဖိတ်ခေါ်ချင်ပါတယ်။
ဒေါ်တင်၀င်း( ဈေးရောင်း)
ကျမအမည်ကတော့ ဒေါ်တင်၀င်းဖြစ်ပါတယ် ရဲနွဲ့ကျေးရွာမှာနေပါတယ်။ အခုလို ကာကွယ်ဆေးထိုးရတဲ့အတွက် အရမ်းပဲ ၀မ်းသာပီတိ ဖြစ်ရပါတယ်။ ကျမတို့လို ဈေးသည်တွေပါ ထိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျမတို့ဈေးသည်ဆိုတာ ဈေး၀ယ်တဲ့သူတွေ အများကြီးနဲ့ ထိတွေ့ရတာဖြစ်တဲ့အတွက် ယခုလိုနိုင်ငံတော်က ကာကွယ်ဆေး ထိုးပေးတဲ့အတွက် ကျမတို့ကိုယ်တိုင်အတွက်ရော ဈေး၀ယ်သူတွေအတွက်ပါ ကူးစက်မှုကို ကာကွယ်နိုင်တယ်လို့ ယုံကြည်တဲ့အတွက် ကာကွယ်ဆေး လာရောက်ထိုးခြင်း ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံပေးတဲ့သူတွေအားလုံးကိုလဲ ကျေးဇူးတင်ပါတယ်။
ဦးအေးရွှေ (ပျဉ်းမကန်ကျေးရွာ)
အဘအမည်ကတော့ ဦးအေးရွှေဖြစ်ပါတယ် အသက်ကတော့ (၇၃)နှစ်ရှိပါပြီ။ ပျဉ်းမကန် ကျေးရွာမှာနေပါတယ် ၂၀၀၇ ခုနှစ်က နှစ်လုံးသွေးကြောပိတ်လို့ စက်ထည့်ထားရပါတယ် ထိုးလို့ရမယ်၊ မရမယ် မသိခင်တုန်းက ကာကွယ်ဆေးထိုးရမှာစိုးရိမ်ပါတယ် အခုကျတော့ ထိုးလို့ရတယ်ဆိုတော့၀မ်းသာပါတယ်။ အဘအခုကာကွယ်ဆေးထိုးပြီးပါပြီ၊ ကာကွယ်ဆေးထိုးလို့ရအောင် စီစဉ်ပေးတဲ့လူကြီးတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။