ညောင်ဦးမြို့နယ် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်းနှင့် နေအိမ်အဆောက်အအုံ ပျက်စီးမှုများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်

ညောင်ဦး  စက်တင်ဘာ  ၂၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးပြိုကျခဲ့သည့် ဘုန်းတော်ကြီးကျောင်း အုတ်တံများနှင့် လူနေအိမ် အဆောက်အအုံများပေါ်သို့ သစ်ပင်လဲကျခြင်းများအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။

ညောင်ဦးမြို့နယ်အတွင်း ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေသားအစိုဓာတ် လွန်ကဲကာ မြေသားခိုင်မာမှုမရှိပဲ သစ်ပင်ကြီးများလဲ ကျခြင်းကြောင့် လူနေအိမ်များပေါ်လဲကျကာ ပျက်စီးမှုများနှင့် ချောင်းရေလျှံကာ ဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်းပြိုကျခြင်းနှင့် နံရံပြိုကျခြင်းများအတွက် မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးအဖွဲ့မှ ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း၊ သဘာဝဘေးန္တရာယ်ကြောင့်ဖြစ်ပေါ်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များသို့လည်း ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာနကလည်း ချက်ခြင်းသွားရောက်ပြီး ထောက်ပံ့မှုပေးပြီးဖြစ်ကြောင်း၊ အိမ်ပျက်စီးမှု အနည်းအများပေါ်မူတည်ကာ ထောက်ပံ့မှုပေးအပ်ကြောင်း၊ အိမ်ရှိလူဦးရေ တွက် ချက်ပြီး ဆန်ရိက္ခာ ၇ ရက်စာထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။

ညောင်ဦးမြို့နယ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပုဂံမြို့ဟောင်း၊ မြင်းကပါ ကျေးရွာ သစ်ပင်လဲကျမှုကြောင့်ပျက်စီးခဲ့သည့် အိမ်ပိုင်ရှင် ဒေါ်သန်းသန်းအေးနှင့် ဦးသက် နိုင်အောင်တို့ နှစ်ဦးအား ကျပ်တစ်သိန်းစီကိုလည်းကောင်း၊ဂင်္ဂါကျေးရွာ တလုပ်မန်ကျည်း ပင်လဲကျမှုကြောင့်ပျက်စီးခဲ့သည့် အိမ်ပိုင်ရှင် ဦးဖိုးရွှေ တစ်သိန်းကျပ်၊ ကြအိုကျေးရွာ မင်း ကျောင်းဘုတ်ကြီးကျောင်းအုတ်တံတိုင်းနှင့် တောင်ကျောင်းဘုန်းကြီးကျောင်းတို့ပြိုကျခဲ့ သည့်အတွက် တိုင်းဒေသကြီးအစိုးရမှ ကျပ်နှစ်သိန်းစီတို့အား ညောင်ဦးမြို့နယ်စီမံအုပ်  ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် ညောင်ဦးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးလွင်တို့မှ ယနေ့ရက်၊ နံနက်ပိုင်းအချိန်က သွားရောက် လှူဒါန်း ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ကိုထိန်