ကွတ်ခိုင် စက်တင်ဘာ ၂၆
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့သည် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်ရေးနေ့ (World Rabies Day) ဖြစ်ပါသည်။
အဆိုပါနေ့ အထိမ်းအမှတ်အဖြစ် ကွတ်ခိုင်မြို့ အမှတ်(၁)ရပ်ကွက်၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနတွင် ၂၈-၉-၂၀၂၁ ရက်နေ့ နံနက် (၈) နာရီမှစ၍ ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါကာကွယ်ဆေးကို ယမန်နှစ်က ခွေးနှင့်ကြောင်များကို ကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်ပေးခဲ့ပြီး ယခုနှစ်တွင်လည်း ဆက်လက်ထိုးပေးမှာဖြစ်လို့ မြို့ပေါ်ရပ်ကွက် အသီးသီးမှ အိမ်မွေးတိရိစ္ဆာန်မွေးမြူသူများအနေဖြင့် လာရောက် စာရင်းပေးထားနိုင်ကြောင်း သိရသည်။
ဌေးဌေး