နောင်တရား၌ တိုင်းရင်းသားဘာသာစကားဖြင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်

နောင်တရား    စက်တင်ဘာ   ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့ အမှတ်(၂)ရပ်ကွက်များအတွင်း၌ တိုင်းရင်းသား ဘာသာစကားဖြင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းတွင်  ဆောင်ရွက်သည်။

နောင်တရားမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက အသံချဲ့စက်ဖြင့် လူစုလူဝေး ရှောင်ရှားခြင်း၊ ပြင်ပဧည့်သည်များလက်မခံခြင်း၊ မကြာခဏလက်ဆေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ မလိုအပ်ဘဲ ခရီးသွားလာခြင်းနှင့် ခြောက်ပေအကွာ နေထိုင်ခြင်းစသည့် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ပအိုဝ်းတိုင်းရင်းသား ဘာသာစကားဖြင့် ဆောင်ရွက်သည်။

နောင်တရားမြို့တွင်  ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ၍ ကုသမှုခံယူနေသူ ၁၇ ဦး ကျန်ရှိနေပြီး ရောဂါပိုး ကူးစက်မှုလျော့နည်းလာကြောင်း သိရသည်။

ခွန်အောင်