အောင်မြေသာစံမြို့နယ်တွင် အစ္စလာမ်ဘာသာဝင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ အခမဲ့ စစ်ဆေးပေး

မန္တလေး စက်တင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အလ်ဟာဒီစင်တာ (မြန်မာ)တို့ပူးပေါင်း၍ အစ္စလာမ်ဘာသာဝင်များအား ကိုဗစ်-၁၉ရောဂါပိုးရှိ၊ မရှိ အခမဲ့စစ်ဆေးပေးခြင်းကို ယမန်ရက်မွန်းလွဲ၂နာရီက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ အကွက်(၁၅၄)၊ လမ်း၈၀နှင့်၈၁လမ်းကြား၊ ၁၉လမ်းနှင့် လမ်း၂၀ကြားရှိ ဟင်ဒွတ်စ်တာနီဗလီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ချမ်းအေးသာဇံမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ ပြည့်စုံအောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ အလ်ဟာဒီစင်တာ (မြန်မာ)မှ ဥက္ကဋ္ဌ ဟာဂျီခင်မောင်ဝင်းနှင့် အသင်းဝင်များက အစ္စလာမ်ဘာသာဝင်(၂၄၅)ဦးတို့အား ကိုဗစ်-၁၉ရောဂါပိုးရှိ၊ မရှိ အခမဲ့ စစ်ဆေးပေးကြရာ ရောဂါပိုး တွေ့ရှိသူမရှိကြောင်း သိရသည်။

အဆိုပါ ရောဂါပိုးစစ်ဆေးပေးရာသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုနှင့် ရာအိမ်မှူးများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး