ဂွ စက်တင်ဘာ ၂၆
အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့်(၅၇)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုေသာအားဖြင့် ဂွမြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ပြည်သူ့အကျိုးပြု လုပ်ငန်းများဖြစ်သည့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို ယနေ့နံနက်(၇)နာရီ အချိန်တွင် မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ဂွမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးဟန်မွှေးနှင့် ဒုတိယမြို့နယ် ရဲတပ်ဖွဲ့ မှူးဒုရဲမှူးကျော်စွာဦး၊ မြို့မစခန်းမှူး ဒုရဲမှူး သူရိန်မင်းထက်တို့မှ ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်(၃၆)ဦးနှင့် မိသားစုဝင်များက ဂွမြို့ကင်းရုံးရပ်ကွက်ရှိ ကုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ချုံနွယ်များ၊ ပေါင်းမြက်များ၊ အမှိုက်များကို ခုတ်ထွင်ရှင်းလင်းကာ စုပေါင်းသန့်ရှင်းပြုလုပ် ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ရွှေရည်ဝင်းကျော်