ထိုင်းနိုင်ငံမှ လွှဲပြောင်းလာသည့်  နေရပ်ပြန်ပြည်သူ(၁၉၇)ဉီးအား တာချီလိတ်မြို့ရှိ တာဝန်ရှိသူများက နွေးထွေးစွာ ကြိုဆိုလက်ခံ

တာချီလိတ် စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ မြန်မာ- ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂)မှ တဆင့် ထိုင်းနိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား  နေရပ်ပြန်ပြည်သူ အမျိုးသား(၁၂၃)ဉီး၊ အမျိုးသမီး (၇၄)ဉီး၊ စုစုပေါင်း(၁၉၇)ဉီးကို ယမန်နေ့နေ့လည်အချိန်က မြန်မာဘက်မှ တာဝန်ရှိသူများက စိစစ်၍ နွေးထွေးစွာကြိုဆို လက်ခံခဲ့ကြောင်း သိရသည်။

ထိုသို့ စိစစ်လက်ခံရာတွင် တာချီလိတ်မြို့၊ ပြည်ပ ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိစစ်လက်ခံရေးနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့

ဥက္ကဋ္ဌ ဉီးမြင့်နိုင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးတင်ဉီးကျော်၊ မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ဝင်များက ကြိုဆိုလက်ခံခဲ့ကြပြီး ၎င်းနေရပ်ပြန်​ ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီက ကျန်မာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ RDT Rapid Test Kit စနစ်ဖြင့် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အဖြေအရ ရောဂါပိုးတွေ့ရှိသူ  အမျိုးသား(၂၀)ဉီး၊ အမျိုးသမီး(၄)ဉီး စုစုပေါင်း (၂၄) ဉီးရှိကြောင်းနှင့် ၄င်းတို့ကို ကုသရေးစင်တာသို့ ပို့ဆောင်​ပေးခဲ့၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါပိုး မတွေ့ရှိသည့်နေရပ်ပြန် ပြည်သူ(၁၇၃)ဉီးကို ဝမ်လုံး အသွားအလာ

ကန့်သတ်စောင့်ကြည့်ရေး စင်တာတွင် ခေတ္တထားရှိပြီး တတိယမြောက်နေ့တွင် ဒုတိယအကြိမ် ထပ်မံစစ်ဆေး၍ ပိုးကင်းစင်မှသာ သက်ဆိုင်ရာ  နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်​ပေးသွား

မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ လွှဲပြောင်းလာသည့်  မြန်မာနိုင်ငံသား​ နေရပ်ပြန်ပြည်သူများကို ဇူလိုင်လ ၃၀ ရက်နေ့မှ စတင်၍ စိစစ်လက်ခံခဲ့ကြရာ ယနေ့အချိန်ထိ (၆)ကြိမ်မြောက်ရှိပြီး စုစုပေါင်း (၁၀၁၄)ဉီးရှိ​ပြီဖြစ်ကြောင်းနှင့် ၎င်းတို့အား သက်ဆိုင်ရာ နေရပ်ဒေသအသီးသီးသို့ ရောက်ရှိ နိုင်ရေးအတွက် တာချီလိတ်မြို့ရှိ တာဝန်ရှိသူများက လိုအပ်သည် ကူညီဆောင်ရွက်ပေးပြီး မော်တော်ယာဉ်များကို အခမဲ့စီစဉ်ပေးကာ သက်ဆိုင်ရာနေရပ်များသို့ ပြန်လည်ပို့ဆောင်​ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

 

ယာဆေး