တပ်ကုန်းမြို့၌ အသက်(၄၀)နှစ်အထက်နှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား ကာကွယ်ဆေး ပထမအကြိမ်ဖြစ် ပထမရက်ထိုးနှံပေး

တပ်ကုန်း စက်တင်ဘာ ၂၆

နေပြည်တော် တပ်ကုန်းမြို့နယ်တွင် အသက်(၅၅)နှစ်အထက်နှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား  ကိုဗစ်ကာကွယ်ဆေး ပထမကြိမ်အဖြစ် ထိုးနှံပေးလျက်ရှိရာ စုစုပေါင်းလူဦးရေ (၇၅၂၂)ဦး လာရောက်ထိုးနှံခဲ့ကြပြီး၊ အသက်(၄၀)နှစ်အထက်နှင့် ဦးစားပေး အဆင့်လိုက် ပြည်သူများ ကာကွယ်ဆေး ပထမအကြိမ်ဖြစ် ပထမရက် ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တပ်ကုန်းမြို့၊ အောင်ဇေယျရပ်ကွက်၊ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းဝန်းအတွင်း ကာကွယ်ဆေးထိုးစုရပ်၌ ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမှာ Sinopharm အမျိုးအစား ဖြစ်ပြီး၊ ပထမအကြိမ် ကာကွယ်ဆေးအလုံးရေ (၁၆၀၆)လုံး၊ ဒုတိယအကြိမ် ကာကွယ်ဆေး အလုံးရေ (၁၀၀၀)လုံး ထပ်မံရရှိခဲ့သည့် ကာကွယ်ဆေးများဖြင့်  မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဆေးထိုးအဖွဲ့၊ တပ်ကုန်းတပ်နယ်မှ ဆေးထိုးအဖွဲ့တို့က အသက်(၄၀)နှစ်အထက်နှင့် ဦးစားပေး အဆင့်လိုက် ပြည်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပါဝင်ကူညီဆောင်ရွက်ပေးကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှု ကြကြောင်း သိရသည်။

တင်စိုးလွင်