ကွမ်းလုံ စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် ယမန်နေ့နံနက် (၈:၃၀)အချိန်မှ စ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံခြင်းကို ကိုးကန့်ယဉ်ကျေးမှု ခန်းမတွင် ပြုလုပ်ခဲ့ကြသည်။
ကွမ်းလုံမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အလေးထား ဆောင်ရွက်ပေးလျက်ရှိရာ ကိုးကန့်ယဉ်ကျေးမှုခန်းမ၌ ဘာသာရေးဆိုင်ရာပုဂ္ဂိုလ် (၂)ဦး၊ နိုင်ငံ့ဝန်ထမ်း(၁၄)ဦး၊ ဈေးသည် (၄၄)ဦး၊ ဝန်ထမ်းမိသားစု (၁၉၄)ဦး၊ စေတနာ့ဝန်ထမ်း (၅၆)ဦး၊ အခြားဝင်ငွေရရှိသော အုပ်စုဝင်(၄၀)ဦး၊ စုစုပေါင်း(၃၅၀)ဦးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။ ဆေးထိုးရန် ရောက်ရှိလာသူများအား အပူချိန်တိုင်းတာခြင်း၊ နေရာစီစဉ်ပေးခြင်း၊ စာရင်းစစ်ဆေးပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ဆေးထိုးနှံခြင်းတို့ကို မြို့နယ်ကိုဗစ်-၁၉ကော်မတီ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီအဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်း၍ ကိုဗစ်-၁၉ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
ဖြိုးမမ