မိုးမိတ် စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မြို့နယ် အတွင်းရှိ စေတနာရှင်အလှူရှင်များ၏လှူဒါန်းငွေများဖြင့် ဝယ်ယူထားသည့် အောက်ဆီဂျင်စက်မှာ တပ်ဆင်ပြီး စီးသွားပြီဖြစ်၍ စတင် လည်ပတ်နေမှုအား ယနေ့ နံနက်(၁၀)နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ဇော်ဇော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ဘော် တို့ လေ့လာကြည့်ရှု ခဲ့ကြောင်းသိရသည်။
အဆိုပါ အောက်ဆီဂျင်စက်၏ တန်ဖိုးမှာ ငွေကျပ်သိန်း ၇၅၀ ခန့်ရှိပြီး တစ်နာရီလျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး (၅)လုံးထုတ်လုပ်နိုင်မည်ဖြစ်ပြီး တစ်နေ့လျှင် ၁၀ နာရီ မောင်းနှင်၍ လီတာ ၄၀ ဆံ့ အိုး အလုံး ၅၀ ထုတ်လုပ်နိုင်မည်ဟု အောက်ဆီဂျင်စက်ပညာရှင် ဦးမျိုးမင်းထွန်း က ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး အောက်ဆီဂျင်စက်ရုံလည်ပတ်နိုင်ရေးအတွက် အောက်ဆီဂျင်စက် ပညာရှင် ဦးမျိုးမင်းထွန်းက မြို့နယ်အတွင်းရှိ သင်တန်းသား(၁၀)ဦးအား သင်တန်း ၂ ရက်ပေး၍ အောက်ဆီဂျင်စက်ရုံလည်ပတ်ခြင်းနှင့် ထိန်းသိမ်းခြင်းများအားသင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးမိတ်သား(ခရိုင်ပြန်/ဆက်)