လွိုင်လင်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ

လွိုင်လင်        စက်တင်ဘာလ  ၂၅

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ပန်းခင်းစီမံချက်ဖြင့် လွိုင်လင်မြို့နယ်စီးမှူးရုံးမှ တိုင်ရင်းသားများဉပဒေအရနိုင်ငံသားများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိူးထုတ်ပေးရေးအတွက် ( ၃.၅.၂၀၂၁ ရက်နေ့ မှ ၃.၁၁.၂၀၂၂  ) ရက်‌နေ့အထိ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ယနေ့ နံနက်(၉)နာရီက လွိုင်လင်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်များနှင့် အိမ်ထောင်သည်မိသားစုများကို ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။  ထိုသို့ကွင်းဆင်း ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု့ အားပေးခဲ့ကြောင်းသိရသည်။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့မြို့နယ်ရုံးမှ ဦးစီးမှူးနှင့်ဝန်ထမ်းများက မြို့ပေါ်ရှိတပ်ရင်းတပ်ဖွဲ့များ၊ ရဲစခန်းများ လွိုင်လင်မြို့နယ်အတွင်းရှိ ခေါင်းနွဲ့ကျေးရွာ၊ နမ့်ထမိုကျေးရွာ၊ နောင်လိုင်ကျေးရွာ၊ ဟဲနန်းကျေးရွာ၊ ပင်လုံအရှေ့အုပ်စု စသည့်ကျေးရွာများသို့သွားရောက် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း  မြို့နယ်ဦးစီးမှူး ဦးမိုးမောင်မောင်ခင် က ပြောကြားသည်။

ဆက်လက်၍ ပြောကြားရာတွင် လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရန် မိမိတို့ဝန်ထမ်းများဖြင့်သာဆောင်ရွက်၍မရပါကြောင်း၊ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးဝန်ထမ်းများနှင့် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ဆောင်ရွက် ပေးနေမှုများ၊ မရှင်းလင်းသည်များ သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းနိုင်ရန် Call Centre  များဖွင့်လှစ်‌ပေးထားပါကြောင်း၊ Call Centre ဖြစ်သည့်  ဦးသိန်းထူးအောင်  လွိုင်လင်ခရိုင်ဦးစီးမှူး ၀၉ ၅၂၂၈၁၁၈ ကိုလည်းကောင်း၊ ဦးမိုးမောင်မောင်ခင် မြို့နယ်ဦးစီးမှူး ၀၉ ၂၅၄၇၉၃၃၄၂ စသည့် ဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း မြို့နယ်ဦးစီးမှူး က ထပ်မံပြောကြားကြောင်းသိရသည်။

 လွိုင်လင်မိုး