ပူတာအို၌ (၅၇)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့် ရှင်းရေးပြုလုပ်

ပူတာအို  စက်တင်ဘာ   ၂၅

ကချင်ပြည်နယ်၊ပူတာအိုမြို့တွင် အောက်တိုဘာ(၁)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက်မြန်မာ နိုင်ငံရဲတပ်ဖွဲ့နေ့ကိုကြိုဂုဏ်ပြု သောအားဖြင့် စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ယနေ့နံနက် (၈)နာရီက ပူတာအိုမြို့ဟိုခိုရပ်ကွက်ရှိ နွိုင်ဟန်ဝိန်းစေတီတော် ပရဝုဏ်အတွင်း ပြုလုပ်ခဲ့ကြသည်။

အဆိုပါစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ပူတာအိုခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးတင်ထွန်းဦး ဆောင်မှုဖြင့် ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ကျော်၊ မြို့မရဲစခန်း စခန်းမှူး ဒု-ရဲမှူးနိုင်ဝင်းသိန်း၊ ခရိုင်ရဲတပ်ဖွဲ့ မှူးရုံးမှအရာရှိနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိနှင့်တပ်ဖွဲ့ဝင်များ၊

မြို့မရဲစခန်းမှ အရာရှိနှင့်တပ် ဖွဲ့ဝင်များပူးပေါင်းမှုဖြင့် စုစုပေါင်းအင်အား(၇၀)ဦးခန့်က နွိုင်ဟန်ဝိန်း စေတီတော် ပရဝုဏ်အတွင်းရှိ ချုံနွယ်မြက် များခုတ်ထွင်ရှင်းလင်းခြင်း၊ပုရဝုဏ်အတွင်းရှိ အမှိုက်သရိုက်များ ကောက်သိမ်းခြင်းနှင့် စေတီတော်ရင်ပြင်ရှိ အမှိုက်များအား တံမြက်စည်းလှဲ သန့်ရှင်းရေးပြုလုပ်ခြင်းကိုစုပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

 ခရိုင်ပြန်/ဆက်