နမ့်စန်တွင် ကျေးရွာများသို့ ကွင်းဆင်း၍ ကာကွယ်ဆေးလုံးဝ မထိုးရသေးသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

နမ့်စန်() စက်တင်ဘာ-

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လုံးဝမထိုး ရသေးသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ဆက်လက် ထိုးနှံခြင်းအား ယနေ့နံနက် နာရီ က အမှတ်(၅)ကျေးရွာအုပ်စုရှိ အမှတ်(၅)ကျေးရွာ၊ ဝမ်ပိန်းကျေးရွာအုပ်စုရှိ ပန်လင်းဆိုင်ကျေးရွာနှင့် ဝမ်ပိန်းမူလွန်ကျောင်းတို့နှင့် နောင်ဟီးကျေးရွာအုပ်စု တို့တွင် ကာကွယ်ဆေး ထိုးစုရပ်များဖွဲ့၍  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm (Vero Cells)  ထိုးနှံခြင်းလုပ်ငန်းများကို စုရပ်အလိုက် စနစ်တကျ ဆောင်ရွက်ခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီ ဆောင်ရွက် ပေးလျှက်ရှိကြောင်းသိရသည်။

နမ့်စန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လုံးဝမထိုးရသေးသူများကို ယခုအကြိမ်အဖြစ် စက်တင်ဘာ ၂၃ ရက်နေ့ထိ  မြို့ပေါ်ရပ်ကွက်()ခု နှင့် ကျေးရွာအုပ်စုများရှိ သက်ကြီးဘိုးဘွားများ အပါအဝင် ဦးစားပေးအဆင့်အလိုက် စုစုပေါင်း ၄,၉၆၅ ဦးကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ကာကွယ်ဆေး ထိုးရန်ကျန်ရှိသူများကို ကျေးရွာများ အရောက်ကွင်းဆင်း၍ နေ့စဉ် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကာ ကာကွယ်ဆေးထိုး အစီအစဉ်များကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတဆင့် ပြည်သူများထံ အသိပေးဆောင်ရွက်လျှက် ရှိကြောင်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)