မိုးမိတ် စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် မြို့နယ် အတွင်းရှိ စေတနာရှင်အလှူရှင်များ၏လှူဒါန်းငွေများဖြင့် ဝယ်ယူထားသည့် အောက်ဆီဂျင်စက်မှာ တပ်ဆင်ပြီးစီးသွားပြီဖြစ်၍ ယနေ့ နံနက် ၁၁ နာရီအချိန်က စတင်စမ်းသပ် လည်ပတ်ခဲ့သည်။
အဆိုပါ အောက်ဆီဂျင်စက်၏ တန်ဖိုးမှာ ငွေကျပ်သိန်း ၇၅၀ ခန့်ရှိပြီး တစ်နာရီလျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး (၄)လုံးထုတ်လုပ်နိုင်မည်ဖြစ်ပြီး တစ်နေ့လျှင် ၁၀ နာရီ မောင်းနှင်၍ လီတာ ၄၀ ဆံ့ အိုး အလုံး ၄၀ ထုတ်လုပ်နိုင်မည်ဟု အောက်ဆီဂျင်စက်ပညာရှင် ဦးမျိုးမင်းထွန်း ကပြောသည်။
မိုးမိတ်မြို့နယ်အနေဖြင့် အောက်ဆီဂျင်စက်မှာ စက်တင်ဘာလကုန်လောက်မှစတင် လည်ပတ်၍ ထုတ်လုပ်နိုင်မည်ဖြစ်ကာ စက်ရုံလည်ပတ်နိုင်ရေးအတွက် အောက်ဆီဂျင်စက် ပညာရှင် ဦးမျိုးမင်းထွန်းက မြို့နယ်အတွင်းရှိ သင်တန်းသား(၁၀)ဦးအား သင်တန်းပေး၍ သင်ကြားပို့ချ ပေးသွား မည်ဖြစ်ကြောင်းသိရသည်။
ထိုသို့ စတင်စမ်းသပ်လည်ပတ်နေမှုအား စစ်ဗျူဟာ(အခြေချ)မိုးမိတ်မှ ဗိုလ်မှူးကြီးဖြိုးမင်းဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ဘော်နှင့် ထုတ်လုပ်နိုင်မည်ဖြစ်သည်ဟု မြို့နယ်ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဝင်များနှင့်သင်တန်းသားများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မိုးမိတ်သား(ခရိုင်ပြန်/ဆက်)