လယ်ဝေး စက်တင်ဘာ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အသက်(၅၅)နှစ်မှ (၆၄)နှစ်ကြား အသက်ကြီးသူများ၊ နာတာရှည် ရောဂါခံစား နေရသူများ၊ မသန်စွမ်းသူများနှင့် လူအများနှင့်ထိတွေ့ဆက်ဆံနေရသည့် ဝန်ထမ်းများအား စက်တင်ဘာ (၁၆) ရက်မှ (၂၃) ရက်နေ့ထိ (၉၁၀၂)ဦး ထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများကိုလည်း ယနေ့ နံနက်ပိုင်းမှစတင်၍ ကျေးရွာကျန်းမာရေးဌာနနေရာ၊ လယ်ဝေးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ကာကွယ်ဆေးထိုးစင်တာနှင့် တိုက်နယ်ဆေးရုံတို့တွင် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကာကွယ်ဆေး မထိုးမီ စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် တိုင်းတာပေးခြင်းများပြုလုပ်ပြီး အလှည့်ကျ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။ ထို့နောက် ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သက် ဆိုင်ရာ ကျန်းမာရေးဌာန ဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး လျက်ရှိသည်။ လယ်ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူများကို ပထမအကြိမ်ထိုးနှံပြီးကြောင်း အထောက်အထား စာရွက်များပေးအပ်ပြီး ထိုစာရွက်ကို ဒုတယအကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံသည့်အခါ ယူဆောင်လာရမည်ဖြစ် ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)