နမ့်ဆန် စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် လောကပါလလူမှုကူညီရေးအသင်းမှ ကိုဗစ်(၁၉)ရောဂါ ကာကွယ်န်ုင်ရေးအတွက် ဖြည့်စွက်စာအားဆေး (၄) မျိုးနှင့် ဓါတ်ဆားများကိုမြို့ပေါ်ရပ်ကွက် များဖြစ်သည့် နမ္မဝေါရပ်ကွက် မြို့လယ်ရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ မန်မိုင်ရပ်ကွက် များရှိ အသက်(၁၈)နှစ်အထက်မိ ဘပြည်သူများအား ယနေ့နံနက် (၉) နာရီအချိန်မှစ၍ တစ်အိမ်တက်ဆင်း ဝေငှပေးခဲ့ကြောင်းသိရှိရသည်။
ထို့အတူ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှအိမ်ထောင်စု (၃၀၀)အတွက်လက်ဆေး ဆပ်ပြာ(ကာဘော်လိတ်) များကိုလည်း ဝေငှပေးခြင်း၊ နှင့်အဆိုပါရပ်ကွက်များသို့ဝေငှရာတွင် လောကပါလ လူမှုကူညီရေး အသင်းသူ အသင်းသားများ၊ မြို့နယ်ကြက်ခြေနီအသင်းနှင့်အတူ လိုက်လံဝေငှပေးခဲ့ကြောင်းသိရသည်။
အဆိုပါလူမှုကူညီရေးအသင်းနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ဖြည့်စွက်အားဆေးများအား ပြည်သူ ၁၅၀၀ ဦးခန့်ဝေငှပေးခဲ့ကြောင်း သိရသည်။
နန်းဆိုင်(ပလောင်ဒေသ)